တက္ကဆီပေါ်က ကိုယ်ဝန်သည်
02-May-2017တစ်နေ့တွင် ဆေးရုံကြီးအရေးပေါ်ဌာနထဲသို့ အမျိုးသားတစ်ဦး ပြေးဝင်လာသည်။
အမျိုးသား ။ ။ လုပ်ကျပါအုံး။ ကျွန်တော့်အမျိုးသမီး Taxi ပေါ်မှာ ကလေးမွေးတော့
မယ်။
ဒေါက်တာခါးလည်း အပြင်သို့ချက်ချင်းပြေးထွက်လိုက်ပြီး တက္ကစီတံခါးကို ဖွင့်လိုက်သည်။ ထို့နောက်ဗိုက်ကြီးသည်၏ ထဘီကို မလိုက်ပြီးနောက်…
ဒေါက်တာခါး ။ ။ ကယ် မွေးရအောင်။
အမျိုးသမီး ။ ။ ဆရာ။ ကျွန်မဗိုက်မနာသေးဘူးရှင့်။
ဒေါက်တာခါး ။ ။ အဲ.......
ဒေါက်တာခါးမျက်လုံးပြူးသွားသည်။ ထိုအချိန်တွင်အနောက်မှ အော်သံကြားလိုက်သည်။
အမျိုးသား ။ ။ ဆရာ။ ကျွန်တော့်အမျိုးသမီးက ဒီဘက်ကားမှာဗျ။
Credit : မောင်လေပွေ